၃−၉−၂၀၂၁ ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်အတွင်းရှိ အမှန်တကယ်ထောက်ပံ့လှူဒါန်းရန် လိုအပ်သော ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား ကိုဗစ်−၁၉ ကာလအတွင်း ဆွမ်းကွမ်းအခက်အခဲ မရှိစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မိုးကုတ် ဆွမ်းစားကျောင်းဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ရဟန်းသာမဏေ (၂၆၀၂)ပါး၊ သီလရှင် (၇၀၅)ပါး၊ စုစုပေါင်း (၃၃၀၇)ပါးတို့အတွက် ဆန်(၂၄)ပြည်အိတ်(၁၁၀၂)အိတ် (၈)ပြည်နှင့် ဆီ(၁၆၅၃) ပိဿာ(၅၀)ကျပ်သားတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။








