နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ ဖွဲ့စည်းဆုံးဖြတ်စေခြင်း

(က)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အဓိကရုဏ်း လေးမျိုးအနက် သာသနာတော်တစ်ရပ်လုံးနှင့် သက်ဆိုင် သော ဓမ္မ၊ အဓမ္မ စသည့် အငြင်းပွားမှုခင်းများကို ဆုံးဖြတ်ရန်အလို့ငှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်များ ထဲမှသော်လည်းကောင်း၊ အခြားပရိယတ္တိ ဝိသာရဒ ဂုဏ်နှင့်ပြည့်စုံသောဆရာတော်များဖြင့်သော်လည်းကောင်း နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကို သတ်မှတ်သည့် နောက်ဆက်တွဲ ပုံစံ(၁၉)ဖြင့် ဖွဲ့စည်းပေး ရမည်။

(ခ)

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့၊ နိုင်ငံတော်သီးခြား သံဃဝိနိစ္ဆယအဖွဲ့တို့၏ ဝိနိစ္ဆယ ဆုံးဖြတ်ချက်များသည် ဝိနည်းတရားတော် နှင့်လည်းကောင်း၊ လုပ်ထုံးလုပ်နည်း၊ ဝိနိစ္ဆယလက်စွဲတို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်နေကြောင်း နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့၊ နိုင်ငံတော်သီးခြားသံဃ ဝိနိစ္ဆယအဖွဲ့တို့၏ ဝိနိစ္ဆယ ဆုံးဖြတ်ချက်များသည် ဝိနည်း တရားတော်နှင့်သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းနှင့် သော်လည်း ကောင်း၊ ဝိနိစ္ဆယလက်စွဲနှင့်သော် လည်းကောင်း၊ ဖြောင့်ဖြောင့် ဆန့်ကျင်နေကြောင်း ထင်ရှားစွာ တွေ့ရလျှင် ယင်းသံဃဝိနိစ္ဆယဆုံးဖြတ်ချက် များကို  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စုံညီ အစည်း အဝေးက အနည်းဆုံး ၇၅% (ရာခိုင်နှုန်း) ရှိသောလျှို့ဝှက် ဆန္ဒမဲဖြင့်သာ ပယ်ဖျက်နိုင်သည်။ယင်းပယ်ဖျက်အပ်သော ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းသည့်မှုခင်းကို သံဃဝိနိစ္ဆယ အဖွဲ့သစ်ဖြင့် စစ်ဆေးဆုံးဖြတ်ရန် လိုအပ်/မလိုအပ် ကိုလည်း ဆုံးဖြတ်ရမည်။

(ဂ)

သံဃဝိနိစ္ဆယအဖွဲ့သစ်ဖြင့် စစ်ဆေးဆုံးဖြတ်စေရန် လိုအပ် ပါက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သည် ယခင် ဆုံးဖြတ်ခဲ့သည့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့မှ(၂)ပါးအခြား နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်(၃)ပါး စုစုပေါင်း(၅)ပါး တို့ဖြင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကိုသတ်မှတ်သည့် နောက်ဆက်တွဲ ပုံစံ(၁၅)ဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖွဲ့စည်း၍ စစ်ဆေးဆုံးဖြတ်စေရမည်။