ရည်ရွယ်ချက်

၁။ သာသနာတော် သန့်ရှင်း, တည်တံ့, ပြန့်ပွားရန် ဖြစ်သည်။
၂။ သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံ သီတင်းသုံး နေထိုင်ရေးအတွက် သံဃာ အချင်းချင်း ကြီးကြပ် ထိန်းသိမ်းသွားနိုင်ရန် ဖြစ်သည်။
၃။ ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန် ဖြစ်သည်။
၄။ ပရိယတ္တိနှင့်လျော်ညီသော ပဋိပတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွားစေရန် ဖြစ်သည်။
၅။ သံဃာတော်များ ဂန္ထဓုရနှင့် ဝိပဿနာဓုရ နှစ်ပါးလုံးကိုသော်လည်းကောင်း၊ တစ်ပါးပါးကို သော်လည်းကောင်း ဆောင်ရွက်နိုင်ကြစေရန် ဖြစ်သည်။
၆။ သံဃာတော်များသည် ဓုရနှစ်ပါးကို အေးချမ်းသာယာစွာ ထမ်းဆောင်တော် မူခွင့်ရသဖြင့် ပဋိဝေဓ သာသနာတော်ကို ရရှိခံစားနိုင်ကြစေရန် ဖြစ်သည်။
၇။ သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်ရာ၌ သံဃာ့ဂိုဏ်းများသည် ကြီးသည် ငယ်သည် မဟူ စည်းလုံးညီညွတ်မှုကို ရှေးရှု၍ ဆောင်ရွက်ကြရန် ဖြစ်သည်။(သံ/စည်း ၁၂)