နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပထမအကြိမ် စတုတ္ထအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ

(၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပထမအကြိမ် စတုတ္ထ အစည်းအဝေးကို ယနေ့ ၁၃ ၀၀ အချိန်၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (မိတ္ထီလာဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ (ရွှေတောင်ဆရာတော်)က ဆောင်ရွက်တော်မူသည်။

အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (မိတ္ထီလာဆရာတော်)က သြဝါဒကထာ မြွက်ကြားတော်မူသည်။

ထို့နောက် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပထမအကြိမ် တတိယအစည်းအဝေးမှတ်တမ်း (ပ-ပ ၃/၂၀၂၅)ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယ ရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေ ထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆို ဆုတောင်း၍ ၁၄ ၁၅ အချိန်၌ ရုပ်သိမ်းတော်မူသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော် ၁၅ ပါး တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။