လုပ်ငန်းတာဝန်များ

(က) မည်သည့်သံဃဝိနိစ္ဆယအဖွဲ့ကမျှ လက်ခံစစ်ဆေးခြင်း မပြုရသော မှုခင်းများ
(ခ) သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သို့ အမှုတွဲ လွှဲပြောင်းပေးရမည့် မှုခင်းများ၊
(ဂ) ဝိနည်းဓိုရ်ဆရာတော်များ လက်ခံစစ်ဆေးခြင်း မပြုရသောအမှုများ၊
(ဃ) ပြီးငြိမ်းပြီးမှုခင်းများ
(င) မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆုံးဖြတ်စေခြင်း
(စ) မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆုံးဖြတ်စေခြင်း၊
(ဆ) တိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆုံးဖြတ်စေခြင်း၊
(ဇ) ဂိုဏ်းပေါင်းစုံတိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်း ဆုံးဖြတ်စေခြင်း၊
(ဈ) နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဖြင့် ဖွဲ့စည်းဆုံးဖြတ်စေခြင်း၊
(ည) မြို့နယ်အဆင့်မှ နိုင်ငံတော်အထိ ဝိနိစ္ဆယ ဆောင်ရွက်မှုများ၊
(ဋ) သီးခြားသံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆုံးဖြတ်စေခြင်း၊
(ဌ) နိုင်ငံတော် သီးခြားသံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းဆုံးဖြတ်စေခြင်း၊
(ဍ) နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ဖြင့် ဖွဲ့စည်းဆုံးဖြတ်စေခြင်း၊
(ဎ) ဝိနိစ္ဆယဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း၊

                  ဝိနိစ္ဆယအဖွဲ့ငယ်၏ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးများက အတည်ပြု ပြဋ္ဌာန်းခဲ့သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဝိနိစ္ဆယလက်စွဲ၊ ညွှန်ကြားလွှာ(၇၅)ဖြင့် အရေးယူခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်း ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများနှင့်အညီ ဓမ္မဝိနယအားလျော်စွာ ဆောင်ရွက်တော်မူလျက် ရှိပါသည်။