မည်သည့်သံဃဝိနိစ္ဆယအဖွဲ့ကမျှ လက်ခံစစ်ဆေးခြင်းမပြုရသော မှုခင်းများ

(က) ၁၃၁၁-ခုနှစ် ဝိနိစ္ဆယဌာနအက်ဥပဒေ၊ ၁၃၁၃-ခုနှစ် ယာယီဝိနိစ္ဆယဌာန အက်ဥပဒေ၊ ၁၃၁၆-ခုနှစ် ဝိနိစ္ဆယဌာန (ပြင်ဆင်ချက်) အက်ဥပဒေတို့အရ ဝိနည်းဓိုရ်ဆရာတော် များက စစ်ဆေးဆုံးဖြတ်ခဲ့၍ နိုင်ငံတော်ဝိနိစ္ဆယအထိ တစ်ဆင့်ဆင့်၌ ပြီးပြတ်သော မှုခင်းများ၊
(ခ) ဝိနိစ္ဆယခုံအက် ဥပဒေအရ နှစ်ဖက်သဘောတူ ဖွဲ့စည်းပေးသော ဝိနိစ္ဆယခုံများက စစ်ဆေး ဆုံးဖြတ်ခဲ့ပြီးသော မှုခင်းများ၊
(ဂ) တရားရုံးများက စစ်ဆေးဆုံးဖြတ်ခဲ့၍ ယခင်တရား လွှတ်တော်ချုပ်နှင့် ယခုဗဟို တရားရုံးအထိ တစ်ဆင့်ဆင့် ၌ ပြီးပြတ်ပြီးသောမှုခင်းများ၊
(ဃ) နည်းလမ်းလေးသွယ်ဖြင့် ပြီးပြတ်သောမှုခင်းများ၊
(င) ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေအာဏာ မတည်မီက သီးခြားဂိုဏ်းများ၊ ဒေသဆိုင်ရာပဝါရဏာဂိုဏ်းများ၊ ဒေသဆိုင်ရာ သံဃာ့ ဂိုဏ်းများ၏ ဝိနည်းဓိုရ်ဆရာတော်များက ဝိနည်းတရားတော်နှင့်အညီ နှစ်ဘက် သက်သေ စုံညီစစ်ဆေး ဆုံးဖြတ်ခဲ့သော ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ၊
(စ) သီးခြားဂိုဏ်းများ၊ ဒေသဆိုင်ရာ ပဝါရဏာဂိုဏ်းများ၊ ဒေသဆိုင်ရာ သံဃာ့ဂိုဏ်းများ၏ သံဃာ့ထေရ်ကြီးများ ရှေ့မှောက်၌ စောဒကကိုယ်တိုင် လက်မှတ်ရေးထိုး၍ အမှုရုပ်သိမ်းခဲ့သော အဓိကရုဏ်းမှုခင်းများ၊
(ဆ) ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်း  ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေအရ ပြီးငြိမ်း ပြီးသောမှုခင်းများ၊