(က) |
မြို့နယ်အဆင့် ပြီးငြိမ်းမှုခင်း ဆိုသည်မှာ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့မှ ဆုံးဖြတ်ပြီး၍ အယူခံဝင်ရက် ကုန်ဆုံးပြီးသည့် တိုင်အောင် တိုင်းသံဃနာယကအဖွဲ့သို့ အယူခံ ဝင်ရောက်ခြင်း မရှိသည့် မှုခင်းကို အယူခံပြီးပြတ်ပြီးဖြစ်၍ မြို့နယ်အဆင့် ပြီးငြိမ်းပြီး မှုခင်းအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်သည်။ |
(ခ) |
တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပြီးငြိမ်းပြီးမှုခင်း ဆိုသည်မှာ တိုင်းဒေသကြီး/ ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့မှ ဆုံးဖြတ်ပြီး၍ အယူခံဝင်ရက် ကုန်ဆုံးပြီးသည့် တိုင်အောင် နိုင်ငံတော်သံဃနာယကအဖွဲ့သို့ အယူခံ ဝင်ရောက်ခြင်းမရှိသည့် မှုခင်းကို အယူခံ ပြီးပြတ်ပြီးဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြီးငြိမ်းပြီး မှုခင်းအဖြစ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်သည်။ |
(ဂ) |
အယူခံမဝင်သောသို့မဟုတ် အယူခံဝင်ရက် ကုန်ဆုံးပြီးသော ဝိနိစ္ဆယဆုံးဖြတ်ချက် တို့သည် အယူခံပြီးပြတ်ပြီး ဖြစ်ကြသည်။ |