နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့များ ဖွဲ့စည်းဆုံးဖြတ်စေခြင်း

(က)

တိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ အယူခံစောဒနာလွှာ တင်သွင်းရာ အယူခံစောဒနာဝင်လွှာ ရရှိသည့်နေ့မှ (၂၁)ရက်အတွင်း စောဒနာလွှာတစ်စောင်ကို အယူခံစုဒိတကထံပေးပို့၍ (၂၁)ရက်အတွင်း သောဓနာလွှာ (၂)စောင် တင်သွင်းရန် ညွှန်ကြားရမည်။

(ခ)

၂၁-ရက် ပြည့်ပြီးနောက် သောဓနာလွှာ ရသည်ဖြစ်စေ/မရသည်ဖြစ်စေ မှုခင်းဖြစ်ပွား ရာ၊ ဆုံးဖြတ်ရာ အခြေခံဒေသရှိ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ မပါဝင်စေဘဲ အခြား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်(၃)ပါး၊ (၅)ပါးနှင့် အရန်(၂)ပါး ပါဝင်သော နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးရမည်။