လုပ်ငန်းတာဝန်များ

(က)

အစည်းအဝေးကျင်းပရေးဆိုင်ရာ လုပ်ငန်းများ

(၁)ပုံမှန်အစည်းအဝေးများ

(၂)အထူးအစည်းအဝေးများ

(၃)ညှိနှိုင်းအစည်းအဝေးများ

(၄)(၄၇)ပါးစုံညီ အစည်းအဝေးကျင်းပရန် ဆောင်ရွက်ခြင်း

(ခ)

သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် လစ်လပ်မှုများအတွက် အစားထိုး ရွေးချယ်နိုင်ရန် ဆောင်ရွက်ခြင်း လုပ်ငန်းများ

(၁)နိုင်ငံတော်ဩဝါဒါစရိယ အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊

(၂)နိုင်ငံတော်သံဃမဟာနာယက အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊

(၃)နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊

(၄)သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊

(၅)တိုင်းဒေသကြီး / ပြည်နယ် ဩဝါဒါစရိယ၊ သံဃနာယက အစားထိုး ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊

(ဂ)

သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ရွေးချယ်သတ်မှတ်ပြီးစီးခြင်းကို မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ပြန်တမ်းထုတ်ပြန်ခြင်း

(၁)နိုင်ငံတော်ဩဝါဒါစရိယ

(၂)နိုင်ငံတော်သံဃမဟာနာယက

(၃)နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်

(၄)သံဃာ့သမ္မုတိရ သံဃာ့ကိုယ်စားလှယ်

(၅)တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်သံဃနာယက

(၆)တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဝိနည်းဓိုရ်

(ဃ) ထို့အပြင် သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းမှု၊ အဖွဲ့အစည်းဝင်များ၏ အရည်အချင်း ပျက်ယွင်းမှုများနှင့် ပတ်သက်သော ပြဿနာများ ဖြေရှင်းဆောင်ရွက်ခြင်း၊
(င) ထင်ရှားသော ဘုရားစေတီပုထိုးများ စာရင်းကောက်ယူခြင်း၊
(စ) စေတီအသစ်၊ ကျောင်းအသစ် တည်ဆောက်ခြင်း၊
(ဆ) ကျောင်းထိုင်ဘုန်းကြီး တင်မြှောက်ခြင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်း၊
(ဇ) ဂေါပကအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်း၊
(ဈ) ဂိုဏ်းကူးပြောင်းမှုဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်း၊
(ည) ဝါဆိုသံဃာ/သီလရှင်စာရင်း ကောက်ယူခြင်း၊

     သာသနာရေး အဖွဲ့ငယ်၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီးများက အတည်ပြု ပြဋ္ဌာန်းခဲ့သော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း နိုင်ငံတော်ဗဟို  သံဃာ့ဝန်ဆောင် အစည်းအဝေးများက အတည်ပြု ပြဋ္ဌာန်းခဲ့သော သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း၊ ဂိုဏ်းကူးပြောင်းမှုစည်းမျဉ်း၊ သံဃနာယကလက်စွဲ၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားလွှာများနှင့်အညီ ဓမ္မဝိနယအားလျော်စွာ ဆောင်ရွက်တော်မူလျက် ရှိပါသည်။