ဝိနိစ္ဆယဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်စေခြင်း

(က)

ဝိနိစ္ဆယအဖွဲ့မှ ဆုံးဖြတ်ပြီးသော မှုခင်းများကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ အတည်ပြုပြီးပါကသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့များမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးများသို့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်စေပါသည်။

(ခ)

တိုင်းဒေသကြီး /ပြည်နယ် သာသနာရေးမှူးများကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ သံဃာ့ အဖွဲ့အစည်း၊ အာဏာပိုင်အဖွဲ့အစည်းတို့၏ သဘောထား များရယူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြလမ်းညွှန်မှုခံယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ကိစ္စရပ်များ ဆောင်ရွက်ကြပါသည်။

(ဂ)

အကောင်အထည်ဖော်ရာတွင် လိုက်နာမှုမရှိပါက တိုင်း ဒေသကြီး/ပြည်နယ်သာသနာရေးမှူးမှ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုဆောင်ရွက်ခြင်းများ ပြုကြ ပါသည်။