နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်း ဆုံးဖြတ်စေခြင်း

(က)

သီခြားသံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်ကိုမကျေနပ်သော စောဒက/စုဒိတကသည် သီးခြား သံဃဝိနိစ္ဆယအဖွဲ့က ဆုံးဖြတ်ချက်ချသည့်နေ့မှ (၄၅)ရက်အတွင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ အယူခံစောဒနာလွှာ(၂) စောင်ကို နောက်ဆက်တွဲပုံစံ(၁၇) ဖြင့် ဝိလုပ်ထုံးလုပ်နည်း များနှင့်အညီ တင်သွင်းနိုင်သည်။

(ခ)

နိုင်ငံတော်သံဃမဟာနာယက (အလှည့်ကျအဖွဲ့ခွဲ)သည် ဝိလုပ်ထုံးလုပ်နည်းများ အပိုဒ် ၅၃၊ အပိုဒ်ခွဲ(ခ) အရ ဆောင်ရွက်ဖွယ်မရှိပါက အပိုဒ် ၅၄၊ အပိုဒ်ခွဲ(က)နှင့်အညီ ဆောင်ရွက်ရမည်။ သောဓနာလွှာတင်ရန် ခွင့်ပြုရက် ကုန်ဆုံးပြီးနောက် (၁၅)ရက်အတွင်း၌ မှုခင်းဖြစ်ပွားရာ အခြေခံဒေသမှ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များကို ချန်လှပ်၍ အခြားသင့်လျော်သည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်(၅)ပါး၊ (၇)ပါးနှင့် အရန်(၂)ပါး ပါဝင်သော နိုင်ငံတော်သီခြား သံဃဝိနိစ္ဆယအဖွဲ့ကို သတ်မှတ် သည့် နောက်ဆက်တွဲ ပုံစံ(၁၈)ဖြင့် ဖွဲ့စည်း၍ စစ်ဆေးဆုံးဖြတ်စေရမည်။ (နိုင်ငံတော်သီးခြား သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို အယူခံစောဒနာဝင်ခွင့် မရှိစေရ။)