လုပ်ငန်းတာဝန်များ

ပညာရေးအဖွဲ့ငယ်၏ လုပ်ငန်းတာဝန်များ

(က)     တိပိဋက စာမေးပွဲဆိုင်ရာ လုပ်ငန်းများ

(ခ)       ဓမ္မာစရိယ စာမေးပွဲဆိုင်ရာ လုပ်ငန်းများ

(ဂ)       ပထမပြန် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ

(ဃ)     နိကာယ် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ

(င)       အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ

(စ)       ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲဆိုင်ရာ လုပ်ငန်းများ

(ဆ)     ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဆိုင်ရာ လုပ်ငန်းများ

(ဇ)       ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများဆိုင်ရာ လုပ်ငန်းများ

(ဈ)      အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်ဆိုင်ရာ လုပ်ငန်းများ

(ည)     နိုင်ငံတော်ပရိယတ္တိသာသနာပြုတက္ကသိုလ်(ရန်ကုန်၊ မန္တလေး) ဆိုင်ရာလုပ်ငန်းများ

(ဋ)       တိပိဋက ပါဠိမြန်မာအဘိဓာန်ကျမ်းနှင့် ရှေးဟောင်းစာပေများ၊ သာသနာ့ရောင်ခြည် စာစောင်များ ထုတ်ဝေခြင်းလုပ်ငန်း

(ဌ)       စာကြည့်တိုက်များဆိုင်ရာ လုပ်ငန်းများ

အဖွဲ့ငယ်များက မိမိတို့အဖွဲ့ငယ်အလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြပြီး လိုအပ်ပါက ၁၅-ပါး အစည်းအဝေးသို့ တင်ပြပါသည်။ ၁၅-ပါးအစည်းအဝေးက အဆုံးအဖြတ်ပြုရန် မသင့်သော အရေးကြီးကိစ္စများကို (၄၇)ပါး စုံညီအစည်းအဝေးသို့ တင်ပြပါသည်။

အဆိုပါ အဖွဲ့ခွဲများ၏ ဆောင်ရွက်ချက်ကို အစီရင်ခံစာပြုစု၍ (၄၇)ပါးစုံညီသို့ တင်ပြ အတည်ပြုချက် ရယူပါသည်။ (၄၇)ပါးစုံညီအစည်းအဝေးများ၏ ဆောင်ရွက်ချက်များ အပါအဝင် အဖွဲ့ခွဲ အသီးသီး၏ ဆောင်ရွက်ချက်များ အားလုံးကို နှစ်စဉ်တပေါင်းလတွင် ကျင်းပသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပါသည်။ ထို့အပြင် သံဃာ့ အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း စသည်များကို ပြင်ဆင်ရန်ရှိပါက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်ပြ၍ ပြင်ဆင်နိုင်ရေးဆောင်ရွက်ပါသည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များကို သက်တမ်းပြည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးသို့  တင်ပြအတည်ပြုချက်ရယူပါသည်။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်လိုလျှင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကပင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး သို့ တင်ပြ၍ ပြင်ဆင်ပါသည်။

ထိုမျှပမာဏ ကြီးမားသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များကို သာသနာရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးရပါသည်။ (သံစည်း၊ အပိုဒ်-၁၀၆)

သာသနာရေးအဖွဲ့ငယ်နှင့် ဝိနိစ္ဆယအဖွဲ့ငယ်၏ လုပ်ငန်းများကို သာသနာရေးဦးစီးဌာန သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲမှ ဆောင်ရွက်၍ ပညာရေးအဖွဲ့ငယ်၏ လုပ်ငန်းများကို သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်တွင်း သာသနာပြုဌာနခွဲ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး) အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်များက ဆောင်ရွက်ပါသည်။