ရန်ကုန်မြို့၊ သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံတက်ရောက်ကုသနေကြသော ရဟန်း၊ သံဃာတော်များအားအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ ကြည့်ရှုအားပေးခြင်းနှင့် Supreme Group of Companies မှ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခု ပေးအပ်လှူဒါန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော် များအား ၂၁-၈-၂၀၂၁ ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ် (သင်ကြား)ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ကြွရောက်ကြည့်ရှုအားပေးသည်။
အဆိုပါကြွရောက်ကြည့်ရှုရာသို့ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဝင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးစိန်မော်၊ သာသနာရေး ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့မှတာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေး ဦးစီးဌာန၊ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော ရဟန်း သံဃာတော်များကုသနိုင်ရေးအတွက် Supreme Group of Companies မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခု ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို နံနက်(၁၀)နာရီ အချိ်နတွင် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံမှ တာဝန်ကျဆရာဝန်များ၊ Supreme Group of Companies မှတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခု လှူဒါန်းရခြင်းအကြောင်းကို Supreme Group of Companies ၏ကိုယ်စား ဒေါ်ခင်ဆန်းထွေးက ရှင်းလင်းတင်ပြပြီး ပေးအပ်လှူဒါန်းရာ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။