နိုင်ငံတော်သံဃမဟာနာယကဆရာတော်၏ အရည်အချင်းများ

 

        နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်သည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၏ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံရမည့်အပြင် ဖော်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါ အရည်အချင်းများနှင့် လည်း ပြည့်စုံရမည်-

(က) သိက္ခာတော် အနည်းဆုံး (၃၀)ဝါ ရှိရမည်၊
(ခ) လောက၊ ဓမ္မ နှစ်ဌာနတို့၌ တတ်သိ လိမ္မာရမည်၊
(ဂ) သံဃာ့အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို ဦးစားပေးဆောင်ရွက်လိုသော စိတ်ဆန္ဒ ရှိရမည်၊ (သံ/လုပ်ထုံး၊ ၈၂)