နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းရန် ကြီးကြပ်ခြင်း

၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် သင့်လျော်သော နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော် ကြီးများဖြင့် ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်း၍ နိုင်ငံတော်သံဃမဟာနာယက ရွေးချယ်မှုနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မူလရွေးချယ်မှုများကို ကြီးကြပ် ဆောင်ရွက်ပေးတော်မူပါရန် လျှောက်ထား ရမည်။ (သံ/စည်း၊ အပိုဒ်-၃၇)
၂။ လစ်လပ်သွားသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်, ဝိနည်းဓိုရ်ဆရာတော်, အဆင့်အသီးသီးမှ သံဃာ့ဝန်ဆောင်ဆရာတော်, သံဃနာယကဆရာတော်နှင့် ဩဝါဒါစရိယ ဆရာတော်တို့၏ နေရာများ၌ လုပ်ထုံးလုပ်နည်း နှင့်အညီ အစားထိုး ရွေးချယ်ရမည်။ (သံ/စည်း၊အပိုဒ်-၅၀)
၃။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် သင့်လျော်သည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး ၃-ပါးမှ ၁၅-ပါးအထိ ပါဝင်သော နိုင်ငံတော်သံဃမဟာနာယကနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မူလရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်လျက် ကြီးကြပ်ပေးတော်မူရန် လျှောက်ထားတောင်းပန်ရမည်။ (သံ/လုပ်ထုံး၊ အပိုဒ်-၉၀)
၄။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်(၁)ပါး၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်(၂)ပါး ပါဝင်သော နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာ နာယက အစားထိုးလျာထားရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်လျက် ကြီးကြပ်ပေးတော်မူပါရန် လျှောက်ထားတောင်းပန်ရမည်။

မှတ်ချက်။   သံဃနာယကအဖွဲ့အသီးသီးသည် သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ၏ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များကို သတ်မှတ်ပေးရမည်။ (သံ/လုပ်ထုံး၊ အပိုဒ်-၉၁)

၅။ ကြီးကြပ်ရေးအဖွဲ့သည် ရွေးချယ်ဖွဲ့စည်း/သတ်မှတ်မှုကို သတ်မှတ်ထားသည့် ရက်အတွင်း  ပြီးမြောက်အောင် လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရမည်။
၆။ နိုင်ငံတော် သံဃမဟာနာယက အစားထိုး ရွေးချယ်ပွဲသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/  ပြည်နယ်အတွင်းရှိ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များကိုသာ တက်ရောက်ခွင့်ပြုရမည်။  သံ/လုပ်ထုံး၊ အပိုဒ်-၉၂(ဂ)