သတ္တမအကြိမ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး ဒုတိယနေ့ကျင်းပ

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ၁၃၇၈-ခုနှစ်၊ တပေါင်းလဆန်း ၁၀-ရက်၊ ၂၀၁၇-ခုနှစ်၊ မတ်လ ၇-ရက် နံနက် (၈)နာရီတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေး ဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများတက်ရောက်ကြသည်။

အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ဘဒ္ဒန္တသြဘာသာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) က သဘာပတိ အဖြစ် ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော် ဆောင် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ (အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ)က ဆောင်ရွက်တော် မူသည်။

ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာသည်။ ထို့နောက် ယနေ့ ဖြန့်ဝေဆက်ကပ်ထားသည့် အစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များက တင်ပြလာသော အကြံဉာဏ်များကို တွဲဖက် အကျိုးတော်ဆောင် ဆရာတော်များဖြစ်ကြသည့် ဘဒ္ဒန္တဂုဏိကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)နှင့် ဘဒ္ဒန္တဓမ္မာစာရ (မဟာဂန္ထဝါစကပဏ္ဍိတ) တို့က ရှင်းလင်း ပြန်ကြားပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။

နေ့လယ် (၁) နာရီတွင် အစည်းအဝေးကိုပြန်လည်စတင်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာကို တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားပြု နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင် ဆရာတော် များက အသီးသီးဝေဖန်ဆွေးနွေးကာ နေ့လယ်ပိုင်းတွင် ဒုတိယနေ့ အစည်းအဝေး ရပ်နားခဲ့ပါသည်။

DSC01459 DSC01460 DSC01461 DSC01466 DSC01472 DSC01474 DSC01475 DSC01476 DSC01477 DSC01481 DSC01483 DSC01492 DSC01493 DSC01497 DSC01500 DSC01502 DSC01505 DSC01508