(၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်)
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ ပဉ္စမအကြိမ် စတုတ္ထအစည်း အဝေးကို ယနေ့ ၁၃ ၀၀ အချိန်၌ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ(မြင်းခြံဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက် အကျိုးတော်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇ (ပုဇွန်တောင်ဆရာတော်)က ဆောင်ရွက်တော်မူသည်။
အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ (မြင်းခြံဆရာတော်)က သြဝါဒ ကထာ မြွက်ကြားတော်မူသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တတိယအစည်းအဝေးမှတ်တမ်း(ပ-ပဉ္စ ၃/၂၀၂၄)ကို ဖတ်ကြားအတည်ပြုတော်မူ ကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာ တင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စ ရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆို ဆုတောင်း၍ ၁၄ ၃၀ အချိန်၌ ရုပ်သိမ်းတော်မူသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (ပထမအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (မိတ္ထီလာဆရာတော်)နှင့် အဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယာမ(တံတားဦးဆရာတော်) တို့မှတစ်ပါး ကျန်ဆရာတော် ၁၃ ပါး တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
![](http://www.mahana.org.mm/wp-content/uploads/2024/05/viber_image_2024-05-02_14-21-36-362-1024x576.jpg)
![](http://www.mahana.org.mm/wp-content/uploads/2024/05/viber_image_2024-05-02_14-21-36-226-1024x576.jpg)
![](http://www.mahana.org.mm/wp-content/uploads/2024/05/viber_image_2024-05-02_14-21-35-552-1024x576.jpg)
![](http://www.mahana.org.mm/wp-content/uploads/2024/05/viber_image_2024-05-02_14-21-35-390-1024x576.jpg)
![](http://www.mahana.org.mm/wp-content/uploads/2024/05/viber_image_2024-05-02_14-21-35-236-1024x576.jpg)
![](http://www.mahana.org.mm/wp-content/uploads/2024/05/viber_image_2024-05-02_14-21-36-072-1024x576.jpg)