အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် ဆဋ္ဌအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ

အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသောဂါထာကို ၃-ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ဆောင်ရွက်တော်မူကာ သဘာပတိ ဆရာတော်အဖြစ် ဒုတိယဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တကောဝိဒ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)က ဆောင်ရွက်တော်မူပြီးသြဝါဒကထာ မြွက်ကြားတော်မူခဲ့သည်။

ထို့နောက် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် ပဉ္စအစည်းအဝေးမှတ်တမ်း (ပ−တတိယ ၅/ ၂၀၂၂) ကို ဖတ်ကြားအတည် ပြုတော်မူကြပြီးဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့်အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူ ကြကာအစည်းအဝေးကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ (၁၅:၁၅) နာရီအချိန်တွင် ရုပ်သိမ်း တော်မူခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော် (၁၅)ပါးအနက် ဒုတိယဥက္ကဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒသာရ (သံဖြူဇရပ်)၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရဒေါက်တာဘဒ္ဒန္တတေဇောသာရာဘိဝံသ(မိုးကုတ်)နှင့် အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသ(ဖြူး)တို့မှတစ်ပါး ကျန်ဆရာတော် (၁၂)ပါးတို့ တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း အမှူးပြုသောသာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန တို့မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။