ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါစရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊

Shenzhen ဗုဒ္ဓဘာသာအဖွဲ့အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ်

တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ဩဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)ဆရာတော်ကြီး(၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)သင်ကြား/စီမံ၊ စာသင်သားသံဃာတော်(၂၄၉)ပါး၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သားသံဃာတော်နှင့်သီလရှင် (၁၂၈)ပါးတို့အား ကာကွယ်ဆေးထိုးနှံခဲ့ပါသည်။

ထို့အတူ ယနေ့ နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါစရိယဆရာတော် ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့ပါကြောင်း သတင်းရရှိသည်။