အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် ပဉ္စမအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ

အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသောဂါထာကို ၃-ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ဆောင်ရွက်တော်မူကာ သဘာ ပတိဆရာတော်အဖြစ် ဒုတိယဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တနန္ဒသာရ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသ ဒ္ဓမ္မဇောတိကဓဇ)က ဆောင်ရွက်တော်မူပြီးသြဝါဒကထာ မြွက်ကြားတော်မူခဲ့သည်။

ထို့နောက် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ်စတုတ္ထအစည်းအဝေးမှတ်တမ်း (ပ−တတိယ ၄/ ၂၀၂၂)၊ (ပ-တ ညှိနှိုင်း ၁/၂၀ ၂၂)၊ (ပ-တ ညှိနှိုင်း ၂/၂၀၂၂)၊ (ပ-တ ညှိနှိုင်း ၃/၂၀၂၂)၊ (ပ-တ ညှိနှိုင်း ၄/၂၀၂၂)၊ (ပ-တ ညှိနှိုင်း ၅/၂၀၂၂) တို့ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာ တင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့်အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူ ကြကာအစည်းအဝေးကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ (၁၆:၁၅) နာရီအချိန်တွင် ရုပ်သိမ်းတော်မူခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော် (၁၅)ပါးအနက်တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တတေဇောသာရာဘိဝံသ(မိုးကုတ်)မှတစ်ပါး ကျန်ဆရာတော် (၁၄)ပါးတို့တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးသိန်းဝင်းအမှူးပြုသောသာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။