အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် စတုတ္ထအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ

အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသောဂါထာကို ၃-ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ဆောင်ရွက်တော်မူကာ သဘာပတိဆရာတော်အဖြစ် ဒုတိယဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တနန္ဒသာရ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ဆောင်ရွက်တော်မူပြီးသြဝါဒကထာ မြွက်ကြားတော်မူခဲ့သည်။

ထို့နောက်အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် တတိယ အစည်းအဝေးမှတ်တမ်း (ပ−တတိယ ၃/ ၂၀၂၂) ကို ဖတ်ကြားအ တည်ပြုတော်မူကြပြီးဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာ ရေးရာတင်ပြချက်များနှင့်အထွေထွေကိစ္စရပ်များကို ဆွေးနွေး ဆုံးဖြတ်တော်မူကြကာအစည်း အဝေးကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းတော်မူခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော် (၁၅)ပါးအနက်တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တတေဇောသာရာဘိဝံသ (မိုးကုတ်)နှင့် အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တပညာဝံသ(ဟုမ္မလင်း)တို့မှတစ်ပါး ကျန်ဆရာတော် (၁၃)ပါးတို့တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း အမှူးပြုသောသာသနာရေး ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။