မဟာနာယကကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒသာရ(ရေစကြို)တို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး သွားရောက်ဖူးမြော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးသည် သာသနာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါလျက် မဟာနာယကကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ)အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒသာရ(ရေစကြို)တို့အား ၂၆−၁၂−၂၀၂၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှ(၁၅:၀၀)နာရီအချိန်ထိ သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။