နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်နှင့် တာဝန်ကျ(ပထမအဖွဲ့ခွဲ) တွဲဖက်အကျိုးတော်ဆောင်ဆရာတော်တို့အားသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းနှင့်အပရဂေါယာနကျောင်းဆောင်ပြင်ဆင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးသည် သာသနာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓါနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားကာ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် နေ့လည်(၁)နာရီအချိန်တွင် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစား ပြင်ဆင်မွမ်းမံရေးလုပ်ငန်းခွင့်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဝင်းနှင့် ဆောက်လုပ်ရေးဦးစီးဌာန၊ အထူးအဖွဲ့−၂၊ DSE ဦးမြဝင်း တို့က မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို Powerpoint ဖြင့် ရှင်းလင်းပြသခဲ့ရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များသည် ကမ္ဘာအေးကုန်းမြေရှိ၊ အပရဂေါယာကျောင်းဆောင် ပြင်ဆင်ခြင်းလုပ်ငန်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ညနေ(၄)နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ Shwegondaing Specialist Centre(S.S.C)ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇော သာရာဘိဝံသ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကို မေးမြန်းလျှောက်ထားပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။