မဟာနာယကကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့် Grand Hantha ဆေးရုံ၌ တက်ရောက်နေသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး သွားရောက်ဖူးမြော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးသည် သာသနာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ၁၀−၁၂−၂၀၂၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှ(၁၅:၀၀)နာရီအချိန်ထိ မဟာနာယကကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ(ပြည်)အမှူးပြုသောဆရာတော်ကြီး(၅)ပါးတို့အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပါသည်။
ယင်းနေ့ ညနေပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ Grand Hantha ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၍ ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေကို မေးမြန်းလျှောက်ထားပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။