မန္တလေးမြို့သို့ကြွရောက်တော်မူမည့် နိုင်ငံတော်သံဃမဟာနာကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ဘုရားကြီးအမှူးပြုသည့် ဒုတိယဥက္ကဋ္ဌဆရာတော်ကြီး(၃)ပါးတို့အား သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်

နိုင်ငံတော်သံဃမဟာနာကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်)ဆရာတော်ကြီးသည် ၂၈-၁၁-၂၀၂၁ ရက်နေ့တွင်ကျင်းပမည့် မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကြွရောက်ရန် ယနေ့နံနက် ၇း၃၀ နာရီအချိန်တွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ UB-585 Myanmar National Airlines လေကြောင်းခရီးဖြင့် ကြွရောက်ခဲ့ပါသည်။
ဆရာတော်ကြီးနှင့်အတူ နိုင်ငံတော်သံဃမဟာနာကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးများဖြစ်ကြသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ(မိုင်းသောက်)၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဓမ္မ(ဓမ္မရောင်ခြည်)နှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ (သံဖြူဇရပ်) ဆရာတော်ကြီး(၃)ပါးတို့ လိုက်ပါသွားခဲ့ပါသည်။
အဆိုပါ ဆရာတော်ကြီးများခရီးစဥ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။