ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နှင့်အင်းစိန်မြို့နယ် အတွင်းရှိဘုန်းတော်ကြီးကျောင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သံဃာတော်များ ဆွမ်းဆန်တော်အဆင်ပြေစေရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်နှင့်အင်းစိန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကိုဆက်ကပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် မင်္ဂလာဒုံမြို့နယ် တောတိုက်ဓမ္မရိပ်သာ၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၁၂၀ ပါးအတွက် ဆန် ၂၄ အိတ်၊ ဆီ ၆၅ ပိဿာနှင့် ပဲ ၇ အိတ်ကိုလည်းကောင်း၊ အင်းစိန် မြို့နယ်၊ မင်္ဂလာသီရိစာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၁၅၀ ပါးအတွက် ဆန် ၂၆ အိတ်၊ ဆီ ၇၀ ပိဿာနှင့် ပဲ ၈ အိတ်ကိုလည်းကောင်း၊ ရွှေညောင်ပင်စာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၈၅ ပါးအတွက် ဆန် ၁၆ အိတ်၊ ဆီ ၄၀ ပိဿာနှင့် ပဲ ၄ အိတ် တို့ကို လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၇)ကျောင်းတို့ကိုလည်း ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။