ရန်ကုန်တိုင်း‌ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းပင်ပရိယတ္တိစာသင်တိုက်သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့ နေ့လယ် (၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လင်းလွန်းပင်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ(ဂန္တဝါစကပဏ္ဍိတ) အမှူးပြုသော သံဃာတော်(၃)ပါး ကြွရောက်‌တော်မူကြပြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် လင်းလွန်းပင်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ(ဂန္တဝါစကပဏ္ဍိတ)ထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း အမှူးပြုသော ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီး များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ ကို နာယူကြည်ညိုတော်မူကြပြီး ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် လင်းလွန်းပင်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ(ဂန္တဝါစကပဏ္ဍိတ)ထံမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ နေ့လယ် (၂)နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ စတုဘုမ္မိကကျောင်း၌ ဝါဆိုဝါကပ် တော်မူသော ဆရာတော် သံဃာတော်များထံ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ဆက်လက်ကျင်းပသည်။
အလားတူ နေ့လယ် (၃)နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ မဟာဗောဓိပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော ဆရာတော် သံဃာတော်များထံ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသည်။
ထိုသို့လှူဒါန်းရာတွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းပင်ပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ် တော်မူသော သံဃာ ၂၅၀ ပါး အတွက် ဆန် ၄၀ အိတ်၊ ဆီ ၈၀ ပိဿာ၊ ပဲ ၁၄၄ ပိဿာ၊ ဗဟန်းမြို့နယ်၊ စတုဘုမ္မိကကျောင်း၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၈၀ ပါး အတွက် ဆန် ၁၆ အိတ်၊ ဆီ ၄၀ ပိဿာ၊ ပဲ ၄၈ ပိဿာနှင့် ရန်ကင်းမြို့နယ်၊ မဟာဗောဓိပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ်တော် မူသော သံဃာ ၉၀ ပါး အတွက် ဆန် ၁၈ အိတ်၊ ဆီ ၅၀ ပိဿာ၊ ပဲ ၆၀ ပိဿာတို့ကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၂)ကျောင်းတို့ကိုလည်း ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။