ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Grand Hantha ဆေးရုံနှင့် OSC ဆေးရုံတို့တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်နှင့် ဒုတိယဥက္ကဋ္ဌဆရာတော်(၂)ပါးအားသာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ သွားရောက် ဖူးမြော်ကြည်ညို

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် ယနေ့နေ့လည်(၂)နာရီအချိန်တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေသော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အား ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ Brand ကြက်ပေါင်းရည်၊ နဝကမ္မ ဝတ္တုငွေကိုလည်းကောင်း၊ ကမာရွတ်မြို့နယ်၊ Grand Hantha ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား သင်္ကန်း၊ ငှက်သိုက်၊ ဝတ္တုငွေကို လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ OSC ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသော ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ)အား သင်္ကန်း၊ ငှက်သိုက်၊ နဝကမ္မဝတ္တုငွေကိုလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးများ၏ကျန်းမာရေးအခြေအနေတို့ကို မေးမြန်း လျှောက်ထားပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားခဲ့ပါသည်။