၁။ | နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် သင့်လျော်သော နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော် ကြီးများဖြင့် ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်း၍ နိုင်ငံတော်သံဃမဟာနာယက ရွေးချယ်မှုနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မူလရွေးချယ်မှုများကို ကြီးကြပ် ဆောင်ရွက်ပေးတော်မူပါရန် လျှောက်ထား ရမည်။ (သံ/စည်း၊ အပိုဒ်-၃၇) |
၂။ | လစ်လပ်သွားသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်, ဝိနည်းဓိုရ်ဆရာတော်, အဆင့်အသီးသီးမှ သံဃာ့ဝန်ဆောင်ဆရာတော်, သံဃနာယကဆရာတော်နှင့် ဩဝါဒါစရိယ ဆရာတော်တို့၏ နေရာများ၌ လုပ်ထုံးလုပ်နည်း နှင့်အညီ အစားထိုး ရွေးချယ်ရမည်။ (သံ/စည်း၊အပိုဒ်-၅၀) |
၃။ | နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် သင့်လျော်သည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး ၃-ပါးမှ ၁၅-ပါးအထိ ပါဝင်သော နိုင်ငံတော်သံဃမဟာနာယကနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မူလရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်လျက် ကြီးကြပ်ပေးတော်မူရန် လျှောက်ထားတောင်းပန်ရမည်။ (သံ/လုပ်ထုံး၊ အပိုဒ်-၉၀) |
၄။ | နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်(၁)ပါး၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်(၂)ပါး ပါဝင်သော နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာ နာယက အစားထိုးလျာထားရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်လျက် ကြီးကြပ်ပေးတော်မူပါရန် လျှောက်ထားတောင်းပန်ရမည်။ မှတ်ချက်။ ။သံဃနာယကအဖွဲ့အသီးသီးသည် သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ၏ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များကို သတ်မှတ်ပေးရမည်။ (သံ/လုပ်ထုံး၊ အပိုဒ်-၉၁) |
၅။ | ကြီးကြပ်ရေးအဖွဲ့သည် ရွေးချယ်ဖွဲ့စည်း/သတ်မှတ်မှုကို သတ်မှတ်ထားသည့် ရက်အတွင်း ပြီးမြောက်အောင် လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရမည်။(သံ/လုပ်ထုံး၊ အပိုဒ်-၉၂) |
၆။ | နိုင်ငံတော် သံဃမဟာနာယက အစားထိုး ရွေးချယ်ပွဲသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များကိုသာ တက်ရောက်ခွင့်ပြုရမည်။ သံ/လုပ်ထုံး၊ အပိုဒ်-၉၂(ဂ) |
၁၁။ | ပထမအစည်းအဝေးကျင်းပပြီးသည့် နောက်တစ်နေ့မှစ၍ အဖွဲ့ငယ်(၃)ဖွဲ့တို့သည် စတင် ရုံးထိုင်ကာ အဖွဲ့ငယ် တစ်ဖွဲ့ချင်းစီ၏ ခေါင်းဆောင်ဆရာတော် ရွေးချယ်သတ်မှတ် တင်မြှောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ တင်ပြလာသော ဝင်စာများ ဖတ်ရှုတော်မူကြပြီးလုပ်ငန်းများ စတင်ဆောင်ရွက်တော်မူကြပါသည်။ |
၁၂။ | အဖွဲ့ငယ်ဆရာတော်များက တင်ပြလာသော စာများအနက် သက်ဆိုင်ရာဌာန များသို့ ညွှန်ကြားရန် မှတ်ချက်ပြုခြင်း၊ အဖွဲ့ငယ်၏ မှတ်ချက်ပြု အဆုံးအဖြတ်ဖြင့် မပြီးပြတ်နိုင်ပါက အဖွဲ့ခွဲ (၁၅)ပါး အစည်းအဝေးသို့ တင်ပြရန် မှတ်ချက်ပြုခြင်းများ ဆောင်ရွက်တော်မူကြပါသည်။ |