သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ မန္တလေးမြိုရှိမဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားဖူးမြော်ကြည်ညို၊ နိုင်ငံတော်သံဃမဟာနာကအဖွဲ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ဘုရားကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၈)နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲသည် နံနက်(၉)နာရီခွဲအချိန်တွင် မဟာအောင်မြေမြိုနယ် ၊ ဗန်းမော်ကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော်သံဃမဟာနာကအဖွဲဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ဘုရားကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ရာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ ဆရာတော်ဘုရားကြီးထံမှ ဒုတိယဝန်ကြီး ဦးအေးထွန်း အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရွတ်ပွားတော်မူသည့် ရတန သုတ်၊ မေတ္တာသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြပါသည်။
ထိုနောက် ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော် ဘုရားကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေ ၁၅ သိန်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတိုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။