သင်္ဂါယနာခြောက်တန်

စဉ် သံဃာယနာ သံဃာယနာတင်လိုသည့်အကြောင်း အကြီးအမှူးပြုရဟန်းတော် ပါဝင်သောရဟန်း ဒါယကာ သာသနာနှစ်၊ ခရစ်နှစ် အကျိုးကျေးဇူး
ပထမ ဘုရားရှင်ပရိနိဗ္ဗာန်ဝင်စံပြီး၊ ဘုရားရှင်ပညတ်သည့် ဝိနည်းများကို လိုက်နာကျင့်သုံးရန်မလိုဟု သုဘဒ္ဒရဟန်း၏ စကားကြောင့် အရှင်မဟာကဿပ သံဃာ(၅၀၀) ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းကြီးနှင့် ပြည်သူများ သာသနာနှစ် ၁၊ ခရစ်နှစ် B.C ၅၄၄ တရားတော်များအားလုံး စုပေါင်းရွတ်ဆို၍ ပိဋကတ်သုံးပုံ စုစည်းနိုင်ခဲ့သည်
ဒုတိယ ဝိနည်းသိက္ခာပုဒ်နှင့် သက်ဆိုင်သည့် အချက်(၁၀)ချက်အပေါ် အငြင်းပွားမှုကြောင့် (နေလက်နှစ်သစ်၊ ကုဋီတွင်ရေကျန်၊ သေနု) အရှင်မဟာယသ သံဃာ(၇၀၀) ဝေသာလီပြည် ကာလာသောကမင်းကြီးနှင့် ပြည်သူများ သာသနာနှစ် ၁၀၀၊ ခရစ်နှစ် B.C ၄၄၃ ‌ထေရဝါဒ စစ်စစ် ပုံဖော်နိုင်ခဲ့သည် (ထေရဝါဒ+မဟာယန)
တတိယ ရဟန်းတု(တိတ္ထိ)တို့ သာသနာတွင်းဝင်ရောက်၍ မိစ္ဆာဝါဒများ သွတ်သွင်းလာမှုကြောင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ သံဃာ(၁၀၀၀) ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် ပြည်သူများ သာသနာနှစ် ၂၃၅၊ ခရစ်နှစ် B.C ၃၀၈ သာသနာတော်ပြန့်ပွားရေး ၉တိုင်း ၉ဌာန သာသနာပြုစေလွှတ်နိုင်ခဲ့သည်
စတုတ္ထ သီရိလင်္ကာနိုင်ငံတွင် (၁၂)နှစ်ကြာ သူပုန်၊ ငတ်မွတ်ဘေးများခံစားရ၍ မပျောက်ပျက်အောင် ရွတ်ဆိုထိန်းသိမ်းနေခဲ့ရခြင်းကြောင့် အရှင်မဟာဓမ္မရက္ခိတ သံဃာ(၅၀၀) သီဟိုဠ်နိုင်ငံ ဝဋဂါမဏိမင်းနှင့် ပြည်သူများ သာသနာနှစ် ၄၅၀၊ ခရစ်နှစ် B.C ၉၄ ပိဋကတ်သုံးပုံ ပေထက်အက္ခရာ တင်နိုင်ခဲ့သည်
ပဉ္စမ ပိဋကတ်တော်များ ပေပရပိုက်များပေါ်တွင် ကြာရှည်မခိုင်မြဲခြင်း၊ မူအမျိုးမျိုး ကွဲပြားမှု မဖြစ်ပေါ်စေရန် အရှင်ဇာဂရာဘိဝံသမဟာထေရ် သံဃာ(၂၄၀၀) မန္တလေးမြို့ မင်းတုန်းမင်းနှင့် ပြည်သူများ သာသနာနှစ် ၂၄၁၅၊ ခရစ်နှစ် A.D ၁၈၇၁ ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာ တင်နိုင်ခဲ့သည်
ဆဋ္ဌမ သူ့ကျွန်ဘဝ၌ နှစ်(၁၀၀) နေခဲ့၍ (သာသနာတော် သန့်ရှင်းစင်ကြယ်စေရန်၊ ပုံနှိပ်မှုအမျိုးမျိုး၊ မကွဲပြားစေရန်) အရှင်ရေဝတ၊ အရှင်သူရိယ သံဃာ(၂၅၀၀) ရန်ကုန်မြို့၊ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ သာသနာနှစ် ၂၄၉၈ ၂၅၀၀ ပြည့်၊ ခရစ်နှစ် A.D ၁၉၅၄ ပိဋကတ်သုံးပုံ (ဆဋ္ဌ)မူ ပုံနှိပ်ဆောင်ရွက်နိုင်ခဲ့သည်